► Mobile Marketing
.
ကဲ . . လူကြီးမင်း ဘယ်လိုသဘောရပါသလဲ ?
.
➊ Website ( With Mobile View )
.
➋ Mobile App
Social Media Facebook ကတဆင့် Mobile App ကို ပြန်ပြီး Share နိုင်ပါသေးတယ် ။
.
➌ Message
.
➍ Viber
.
➎ QR Code
.
➏ Call Centre
မြတ်သူရ ( Myat Thura - Official )
► www.linkedin.com/in/ myatthura
☎ 09 795952611
kothura1987@gmail.com
( ကလင် . . ကလင် .. ဖုန်း လာတယ်ဟေ့ ) အရင်တုန်းက ဒီလို ဖုန်းလာတဲ့
အသံလေးတွေ ကြားရဖို့ တော်တော် ရှားပါတယ် ။ လွန်ခဲ့တဲ့ ( ၅ ) နှစ် ကျော်
ဝန်းကျင်ကာလတွေမှာ ဆိုရင် ဟန်းဖုန်းကိုင်နိုင်တဲ့ သူဆို စီးပွားရေး
ပြေလည်သူတွေလို့  သက်မှတ်ထားကြပါတယ် ။ ဒါတွေ အတိတ်မှာ ကျန်ခဲ့ပါပြီ ။ ယခု
အခြေအနေကို ပြန်ကြည့်ကြရအောင် ။ ဆိုက်ကားဆရာကြီးလဲ ဟန်းဖုန်းလေး
နဲ့  ၊ ဟိုမှာတစ်ယောက် အကြော်ရောင်းတဲ့ အဒေါ်ကြီး တောင် ဟန်းဖုန်းလေး နဲ့ 
လမ်းထိပ်အိမ်က အကြော်ကို ဖုန်းနဲ့ လှမ်းမှာနေတာကို order လက်ခံနေတယ် ။ (
ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. လာပို့ ပေးလိုက်မယ်နော် အမ တဲ့ . . . ဖုန်းချခါနီး
ပြောသွားတာ )
ဒီ အချိန်မှာ မြန်မာနိုင်ငံမှာ Mobile Phone သုံးသူ ဦးရေဟာ 15 သန်းကျော် ၀န်းကျင် ရှိနေပါပြီ ။ ဒီထက် ပိုမိုတိုးတတ်လာဖို့ ပဲ ရှိပါတယ် ။
ကဲ . . လူကြီးမင်း ဘယ်လိုသဘောရပါသလဲ ?
.
ဒီ Mobile Phone User တွေ ဆီကို လူကြီးမင်းရဲ့ ၀န်ဆောင်မှု လုပ်ငန်း နဲ့ 
Products တွေ ဈေးကွက် ချဲ့ထွင် ကြော်ငြာလိုက်ရင် ဖောက်သည်တွေ
ပိုတိုးလာနိုင်တာပေါ့ ။ လုပ်ငန်းကို လူပိုသိလာ နိုင်တာပေါ့ ။ အခုပဲ စတင်ပြီး
Mobile Marketing လေး လုပ်လိုက်ရအောင် ။
➊ Website ( With Mobile View )
လူကြီးမင်း ရဲ့ Business website ကို Mobile Phone တွေနဲ့ ကြည့်တဲ့အခါ
အဆင်ပြေအောင် ပြုလုပ်ထားသင့် ပါတယ် ။ Phone view အဆင်ပြေမှ ကိုယ့်
ဖောက်သည်က ကိုယ်ပေးချင်တဲ့ Message ကို စိတ်ဝင်တစား ကြည့်ရှုချင်မှာလေ ။
လူကြီးမင်း ရဲ့ Social Media တွေ မှာ Link ပြန်ညွှန်းပေးလို့ ရပါတယ် ။
➋ Mobile App
Mobile App တစ်ခု ဖန်တီးပြီး ဖုန်းဆိုင်တွေမှာ Marketing ဆင်းတာမျိုးလဲ
ပြုလုပ်သင့်ပါတယ် ။ အဲ့ဒီ ဖုန်းဆိုင်တွေ မှာ ဖုန်းလာဝယ်သူတွေ ၊ Software
လာသွင်းသူတွေကို ဖုန်းဆိုင်က ၀န်ထမ်းများက လူကြီးမင်း ရဲ့ လုပ်ငန်းဆိုင်ရာ
Mobile App ကို ထည့်သွင်းပေးလိုက်ပါလိမ့်မယ်
။ ဒါဆို ရင် App ရသွားတဲ့ Phone User တွေကတော့ လူကြီးမင်းရဲ့ Mobile App
ကို နေ့ တိုင်းတွေ့ မြင်နိုင်ပြီပေါ့ ။ Logo လေးကိုလဲ မှတ်မိနေမှာပါ ။
.
➌ Message
လူကြီးမင်း ရဲ့ ဖောက်သည်တွေဆီကိုလဲ အခါအားလျော်စွာ message ပို
့ပေးတာမျိုး ပြုလုပ်သင့်ပါတယ် ။ အခြား ဖုန်းနံပါတ်တွေကိုလဲ စာရင်း
ပြုလုပ်ပြီး ပရိုမိုးရှင်း ရှိတဲ့ အခါ ဖြစ်ဖြစ် ၊ Happy New Year
လိုမျိုးနေ့ မှာဖြစ်ဖြစ် ၊ ထူးခြားမှု ရှိတဲ့ အချိန်းတိုင်းမှာ သူတို
့ကိုယ့်ကို မှတ်မိနေစေဖို့  စာတို - message လေးတွေ ပို့ နိုင်ပါတယ် ။
message ပို့ တဲ့ အခါမှာလဲ အောက်ဆုံးမှာ ကိုယ့် နာမည် ( သို့ မဟုတ် )
Company နာမည်လေး ထည့်ဖို့ လဲ မမေ့ နဲ့ နော် ။
➍ Viber
Viber ကို အသုံးပြုပြီး လုပ်ငန်း နဲ့  Products တွေကို ကြော်ငြာနိုင်ပါသေးတယ် ။ Viber မှာ Group ဖွဲ့ထားဖို့ တော့ လိုပါတယ် ။
➎ QR Code
လူကြီးမင်းရဲ့ website နဲ့  Mobile App တွေကို အလွယ်တကူ ၀င်ရောက်ကြည့်ရှု
နိုင်အောင် QR Code လေးလဲ ပြုလုပ်ထားသင့်တယ် လို့ လဲ ပြောချင်ပါတယ် ။
လက်ကမ်းစာစောင် တွေ ၊ ဂျာနယ် ကြော်ငြာတွေ နဲ့ သတင်းစာတွေ မှာ အဲ့ဒီ QR Code
လေးကိုထည့်ပေးလိုက်ပေါ့ ။ QR Scan Software ပါတဲ့ ဖုန်းတွေဆိုရင်
အလွယ်တကူပဲ scan ဖက်ပြီး လူကြီးမင်း website နဲ့  Mobile App တွေကို
ကြည့်ရှုနိုင်ပြီပေါ့ ။
➏ Call Centre
လုပ်ငန်းကြီးတွေ ဆိုရင်တော့ ကိုယ်ပိုင် Call Centre တစ်ခုထားသင့်ပါတယ် ။
ဖောက်သည်တွေ အချိန်မရွေး ဆက်သွယ် စုံစမ်းမေးမြန်းနိုင်အောင်ေ ပါ့
။ Call Centre ရဲ့ ဖုန်းနံပါတ်တွေကလဲ မှတ်သားရ လွယ်တာလေးတွေ ဖြစ်ရင် ပို
ကောင်းပါတယ် ။ Call Centre ရဲ့ ဖုန်းနံပါတ်တွေကို Facebook ၊
လက်ကမ်းစာစောင် တွေ ၊ ဂျာနယ် ကြော်ငြာတွေ နဲ့ သတင်းစာတွေ မှာ လဲ
ထည့်သွင်းဖော်ပြပေးပါ ။
E-commerce Business လုပ်ငန်း၏ ( ၃ )
နှစ်တာကာလ အတွေ့ အကြုံ များကို ပြန်လည်ရေးသား မျှဝေ ပေးထားတာဖြစ်ပါတယ် ။
အမှားပါရင် နားလည်ခွင့်လွှတ်ပေးကြပါ ။
၂၀၁၅
မြတ်သူရ ( Myat Thura - Official )
► www.linkedin.com/in/
☎ 09 795952611
kothura1987@gmail.com


Comments
Post a Comment