ကမ္ဘာ့ပထမဦးဆုံး အွန်လိုင်းရှော့ပင်း ဈေးကွက်ကို စတင်မိတ်ဆက်ခဲ့သူ Michael Aldrich


ယခုခေတ် မှာ အလွန်ခေတ်စားနေတဲ့ အွန်လိုင်းကနေ ပြုလုပ်နိုင်တဲ့ ဈေးရောင်း ဈေးဝယ် ကိစ္စတွေကို စတင် တီထွင်ဖန်တီး မိတ်ဆက်ပေး ခဲ့သူကတော့  အင်္ဂလန် နိုင်ငံသား Michael Aldrich ပဲ ဖြစ်ပါတယ် ။ Michael Aldrich ဟာ 22 August 1941 မှာ မွေးဖွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး ၁၉၇၉ ခုနှစ်မှာ သူဟာ Online Shopping လုပ်ငန်းကို စတင် မိတ်ဆက်ပေး ခဲ့ပါတယ် ။




စီးပွားရေး အရောင်းသမားတွေ နဲ့ ၀ယ်ယူသူ ဖောက်သည်တွေ ၊ ပြီးတော့ အခြား အခြား သော စီးပွားရေး လုပ်ငန်းတွေမှာ ငွေပေးငွေချေ မှု ကိစ္စရပ်တွေ နဲ့ အရောင်းအ၀ယ် ကိစ္စတွေ အဆင်ပြေ လွယ်ကူ မြန်ဆန်စေဖို့ အတွက် ရည်ရွယ်ပြီး စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့    e-commerce business လို့ လူသိများလာခဲ့ပါတယ် ။

Michael Aldrich  ရဲ့ Teleputer ( တယ်လီပျူတာ )



တယ်လီဗွီးရှင်းစက် နဲ့ ဆက်သွယ်ရေးကွန်ယက် တယ်လီဖုန်းလိုင်း နဲ့ ပေါင်းစက်ထားတဲ့ ဘက်စုံသုံး အိမ်တွင်း ဖျော်ဖြေရေးစက် Teleputer ( တယ်လီပျူတာ ) ကို ၁၉၈၀ ခုနှစ်မှာ Michael Aldrich ဟာ တီထွင် ခဲ့ပါတယ် ။ သူရဲ့တီထွင်ဖန်တီးမှုတွေက ပိုမိုတိုးတတ်လာပြီး ၁၉၈၁ ခုနှစ်မှာတော့ တယ်လီဗွီးရှင်း TV တွေမှာ အသုံးပြုဖို့  Data တွေကို အပြန်အလှန်ပို့လွှတ်နိုင်တဲ့ broadband local loop cable ကို ဆက်သွယ်ရေးဝန်ဆောင်မှု စနစ်ကို ပိုမိုအားထားတာတဲ့ အသုံးပြုသူ USER တွေ အတွက် ထပ်မံ တီထွင် ဖန်တီးပေးနိုင်ခဲ့ပါတယ် ။



ရည်ညွှန်း - https://en.wikipedia.org/wiki/Michael_Aldrich
ဆက်လက်လေ့လာလိုပါက - http://www.aldricharchive.com/inventors_story.html

#Myat_Thura ( Official )
09795952611

Comments