Part of a series on E-commerce
အင်တာနက် အွန်လိုင်းကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာကြတာကတော့ ယခု 21 ရာစု ခေတ်သစ် စီးပွားရေးပုံစံ တစ်ခုလို့ ပြောနိုင်ပါတယ် ။ အင်တာနက်အွန်လိုင်းကို အသုံးပြုပြီး Ecommerce စီးပွားရေးလုပ်ငန်းပုံစံ တော်တော်များများကို လုပ်ကိုင် နိုင်ပါတယ် ။ ဒါပေမယ့် Ecommerce လို့ပြောလိုက်ရင် မြန်မာနိုင်ငံက အင်တာနက်သုံးတဲ့သူ အများစုကတော့ ဖေ့ဘုတ် Page တွေကနေပြီး ဈေးရောင်းတာလို့ပဲ မြင်ကြတယ် ။ ဒီ Facebook လွှမ်းမိုးမှုဟာ ကောင်းကျိုး တွေ ရှိသလို ၊ ဆိုးကျိုးတွေလဲ ရှိနေပါတယ် ။ အင်တာနက်လို့ ပြောလိုက်ရင် Facebook လို့ထင်နေပြီး အများစုက website ၊ Blog ၊ email ၊ စတဲ့ အခြေခံအင်တာနက် အသုံးပြု နိုင်တဲ့ အရာတွေကို လုံးဝမသိသေးသူတွေလဲ အများကြီး ရှိနေပါတယ် ။ Facebook ကို ဖျော်ဖြေရေး အနေနဲ့ အသုံးပြု တဲ့အပြင် အခြားသော အင်တာနက် ၀ဘ်ဆိုဒ်တွေ ကိုအသုံးပြုပြီး မိမိ လုပ်ငန်း ၊ စီးပွားရေးတွေကို ချဲ့ထွင်နိုင်ကြစေဖို့ ၊ ယခုထက်ပိုပြီး အင်တာနက် ကို အကျိုးရှိရှိ အသုံးပြုနိုင်အောင် လေ့လာနိုင်ကြပါစေလို့လည်း တိုက်တွန်းချင်ပါတယ် ။
အောက်မှာတော့ အင်တာနက် အွန်လိုင်းကို အခြေခံပြီး ဆောင်ရွက်လုပ်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းပုံစံလေးတွေကို အကြမ်းအားဖြင့် ရေးသား ဖော်ပြပေး ထားပါတယ် ။ ထပ်မံပြီး မိမိတို့စိတ်ကူးဥာဏ် ရှိသလောက်ကို တိုးချဲ့လုပ်ကိုင်နိုင်ပါတယ် ။
Online goods and services
ကုန်စည် ၊ ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကား ၀န်ဆောင်မှုလုပ်ငန်းတွေ အပြင် ကိုင်တွယ်လို့မရနိုင်တဲ့ E –Book ၊ Software အစရှိတဲ့ Virtual Products ( Digital Goods ) တွေကိုလဲ အွန်လိုင်းပေါ်မှာ ဈေးကွက်တစ်ခု အနေနဲ့ ရောင်းချနိုင်ပါတယ် ။ အွန်လိုင်း ၀န်ဆောင်မှု လုပ်ငန်း အနေနဲ့ Media ( မီဒီယာ ) လုပ်ငန်းတွေ ၊ ကြော်ငြာ လုပ်ငန်းတွေကိုလဲ Website ၊ Mobile App ၊ blog ၊ Social Media တွေ ကို အသုံးပြုပြီး လုပ်ကိုင် ဆောင်ရွက်လာကြပါတယ် ။
Retail services
ကုန်ပစ္စည်းတွေကို လက်လီရောင်းချတဲ့ ၀န်ဆောင်မှု တွေလဲ ပြုလုပ်နိုင်ပါတယ် ။ အိမ်သုံးကုန် ၊ လူသုံးကုန်တွေ ၊ အမှတ်တရ လက်ဆောင်ပေးတဲ့ အလှပန်းစည်းတွေ ၊ အစားအစာတွေ ၊ ဆေးဝါး အစရှိသည်ဖြင့် မိမိ လုပ်ငန်းနဲ့ ကိုက်ညီသလို အွန်လိုင်းအသုံးပြုပြီး ၀န်ဆောင်မှု ပေးနိုင်ပါတယ် ။
လက်လီ ဖြစ်ဖြစ် ၊လက်ကား ဖြစ်ဖြစ် ရောင်းချတဲ့ အခါမှာ ရောင်းသူ ၀ယ်သူ နှစ်ဦးနှစ်ဖက် ယုံကြည်မှု ရှိနိုင်စေရန် ခိုင်မာတဲ့ ( Online Ecommerce Platform ) တစ်ခုကို တည်ဆောက်ထားဖို့လဲ အရေးကြီးပါတယ် ။ အဓိက အရေးကြီးတာကတော့ ကုန်ပစ္စည်း မှန်ကန်မှု နဲ့ စိတ်ချရတဲ့ ငွေပေးချေမှု စနစ်တွေကို စီမံပေးနိုင်ဖို့ပဲ ဖြစ်ပါတယ် ။
Marketplace services
အွန်လိုင်းသုံးပြီး စီးပွားရေးလုပ်ကိုင်သူ လုပ်ငန်းရှင်များ နဲ့ အွန်လိုင်း အသုံးပြုသူတွေ အတွက် ဈေးကွက် နဲ့ ဖျော်ဖြေရေးဆိုင်ရာများ ဖန်တီးပေးတဲ့ ၀န်ဆောင်မှု တွေကိုလဲ ပြုလုပ်နိုင်ပါတယ် ။ ( ဥပမာ - အွန်လိုင်းကြော်ငြာလုပ်ငန်း ၊ အွန်လိုင်းဈေးရောင်း ဈေးဝယ် ecommerce ၀ဘ်ဆိုဒ် တည်ထောင်ခြင်း ၊ ကုန်ပစ္စည်းတွေကို လေလံစနစ်နဲ့ ရောင်းချနိုင်တဲ့ အွန်လိုင်းဈေးကွက် ဖန်တီးပေးခြင်း ၊ Social Medai အင်တာနက်ဖျော်ဖြေရေး ဆိုင်ရာ ၀ဘ်ဆိုဒ် နဲ့ ဖုန်း အပလီကေးရှင်း တွေ ဖန်တီးပေး ခြင်း စတာတွေပဲ ဖြစ်ပါတယ် ။ အိမ် ခြံ မြေ ၀န်ဆောင်မှု ၀ဘ်ဆိုဒ် လုပ်ငန်း ၊ အလုပ်အကိုင်ရှာဖွေပေးတဲ့ ၀ဘ်ဆိုဒ် လုပ်ငန်းတွေလဲ ဈေးကွက်ရှိပါတယ် ။ ဒါ့အပြင် အသုံးမလိုတဲ့ ကုန်ပစ္စည်း အဟောင်းတွေ ၊ ပိုလျှံနေတဲ့ ပစ္စည်းတွေကို အခမဲ့ တင်ပြီး ရောင်းချနိုင်တဲ့ Website Platform လိုမျိုးလဲ ဖန်တီး ပေးနိုင်ပါတယ် ။
Mobile commerce
အွန်လိုင်းငွေပေးချေ ၀န်ဆောင်မှုလုပ်ငန်းများ ၊ ခရီးသွားကားလက်မှတ် ၊ လေယာဉ်လက်မှတ် များရောင်းချခြင်းများ ကိုလဲ ပြုလုပ်နိုင်ပါတယ် ။ ငွေပေးချေမှု ဆိုင်ရာ လုပ်ငန်းစဉ်များ ပါလာတဲ့ အတွက် အသုံးပြုသူများရဲ့ ယုံကြည်မှု ရရှိလာစေရန် ဥပဒေနှင့် အညီ တရားဝင် ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ပြီး မိမိရဲ့ ၀န်ဆောင်မှုကို လွယ်လွယ်ကူကူ ၊ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်စေဖို့ကိုလဲ စီစဉ်ထားဖို့ လိုပါတယ် ။
Customer service
အွန်လိုင်းမှ တဆင့် ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ဆေးရုံဆေးပေးခန်းတွေ ၊ စီးပွားရေးလုပ်ငန်းတွေ နဲ့ အခြား သိရှိလိုတာတွေရဲ့ အချက်အလက် လိပ်စာ ဖုန်းနံပါတ်တွေကို ၂၄ နာရီ စုံစမ်းမေးမြန်းနိုင်စေဖို့ Call centre လိုဝန်ဆောင်မှုမျိုး ၊ Help desk နဲ့
Live support software လိုမျိုး အွန်လိုင်း ၀န်ဆောင်မှုတွေကိုလဲ ပြုလုပ်ပြီး ဆောင်ရွက်နိုင်ပါတယ် ။ ဒီလို လုပ်မယ်ဆိုရင်တော့ လိုအပ်တဲ့ Data အချက်အလက်တွေ စုံလင်အောင် ကြိုတင်စုဆောင်းထားဖို့ လိုမှာ ဖြစ်ပြီး အတွေ့အကြုံ ရှိပြီးသား သူတွေနဲ့ သေသေချာချာ တိုင်ပင်ဆောင်ရွက်ပြီး မှ လုပ်ကိုင်သင့်ပါတယ် ။ ပထမဆုံးတစ်ခါမေးတဲ့ မေးခွန်းမှာ ကိုယ့်ဘက်က မှားယွင်းတဲ့ အကြံပြု ဖြေကြားချက်တွေ ရှိခဲ့မယ်ဆိုရင် နောက်တစ်ခါ မေးမြန်း ၊ စုံစမ်းဖို့ ဒီ Call Center ကို အသုံးပြုမှာ မဟုတ်တော့ပါဘူးး ။
အခုနောက်ပိုင်းမှာတော့ Taxi တွေကို အွန်လိုင်းကနေ Mobile App ကို အသုံးပြုပြီး ခေါ်ဆိုနိုင်တဲ့ ၀န်ဆောင်မှု တွေလဲ ခေတ်စားလာ နေပြီ ဖြစ်ပါတယ် ။
အွန်လိုင်းအသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် အတွေးလေးများ ရရှိလာစေရန် ရည်ရွယ်ပြီး ရေးသားလိုက်ရပါတယ် ။
#MYAT_THURA ( Official )
09795952611


eCommerce လုပ်ဖို့ Platform တစ်တည်ထောင်လိုပါသည်။လက်တွဲလုပ်လုပ်ချင်များ ဖိတ်ခေါ်ပါသည်။
ReplyDelete