လက်ရှိမြန်မာနိုင်ငံ အွန်လိုင်းဈေးရောင်းဈေးဝယ် အခြေအနေကို ကြည့်မယ်ဆိုရင် အများစုက Facebook မှာ Page ထောင် ၊ Boost နဲ့ Promote လုပ်ပြီး ရောင်းဝယ်နေကြတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ Facebook မှာ Page တွေကို အလွယ်တကူနဲ့ ဖွင့်လို့ရနေတော့ အွန်လိုင်းဈေးရောင်းချသူတွေ အဆမတန် များပြားလာပြီး ၀ယ်သူတွေ အနေနဲ့ ယုံကြည်စိတ်ချရတဲ့ အွန်လိုင်းရောင်းချသူတွေကို ရှာဖွေဖို့လဲ ခက်ခဲလာပါတယ် ။
လက်ရှိ မြန်မာနိုင်ငံ ရဲ့ Online Payment ၀န်ဆောင်မှုတွေကို လူသုံးနည်းနေသေး တဲ့ အချက်ကလဲ ပြသနာ တစ်ခု အနေနဲ့ ရှိနေပါတယ် ။
ဒီလိုများပြားလှတဲ့ Facebook page ထောင်ပြီး ကုန်ပစ္စည်းရောင်းချ လျက် ရှိတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့လဲ မိမိရဲ့ ပြိုင်ဘက်လုပ်ငန်းတွေကို သာလွန်ဖို့ ၊ အွန်လိုင်းမှ ၀ယ်ယူသူတွေ ရဲ့ ယုံကြည်မှု ပိုမိုရရှိလာစေဖို့ အတွက် နည်းလမ်းအသစ်တွေ ၊ ၀န်ဆောင်မှု အသစ်တွေ စတဲ့ အသစ် အသစ်တွေကို ကြိုတင်ပြင်ဆင်ထား သင့်တယ်လိုလဲ အကြံပြုပါတယ် ။
ဒီလို Facebook မှာ Page ထောင်ပြီးရောင်းချနေတဲ့ ရောင်းချသူတွေ ရှိနေသလို ၊ Ecommerce Platform Website ရေးသားပြီး တရားဝင် လိုင်စင်နဲ့ စနစ်တကျ ၀န်ဆောင်မှု ပေးနေတဲ့ Online ဈေးရောင်း ၊ ဈေးဝယ် ၀ဘ်ဆိုဒ်တွေလဲ ရှိနေပါတယ် ။
မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ Ecommerce Platform Website လိပ်စာတွေနဲ့ တစ်ခုခြင်းရဲ့ မတူတဲ့ ထူးခြားချက်လေးတွေကို အကြမ်းအားဖြင့် ဖော်ပြပေးလိုက်ပါတယ် ။ အသေးစိတ်ကို နောက်ပိုင်းမှာ တစ်ခုခြင်း အင်တာဗျူးပြီးပြန်လည် တင်ပြပေးပါမယ် ခင်ဗျာ ။
iHome ကို 2012 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး စတင်လုပ်ကိုင်စဉ်ကတည်းက ecommerce platform website ကို အသုံးပြုပြီး ၀န်ဆောင်မှုပေးခဲ့ပါတယ် ။ ကုန်ပစ္စည်းအမျိုးအစား စုံလင်စွာ ၀ယ်ယူရရှိနို်င်မှာ ဖြစ်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်း ၊ အိမ်အသုံးအဆောင် ၊ မီးဖိုချောင်သုံးပစ္စည်းနဲ့ IT နည်းပညာဆိုင်ရာ ဖုန်း ၊ လပ်တော့ ၊ ကွန်ပျူတာ စတဲ့ ကုန်ပစ္စည်းတွေကို အဓိကထားပြီး ရောင်းချလျက်ရှိပါတယ် ။
ထူးခြားချက် ( အရစ်ကျငွေပေးချေမှု )
www.iHome.com.mm ရဲ့ အဓိက ထူးခြားချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ အွန်လိုင်းမှာ အရစ်ကျငွေပေးချေစနစ်နဲ့ ကုန်ပစ္စည်းများ ၀ယ်ယူလို့ရတာပဲ ဖြစ်ပါတယ် ။ တန်ဖိုး ၂သိန်း နှင့် အထက် ကုန်ပစ္စည်းများကို ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ် ။ အတိုးနှုန်းထား အနေ နဲ့လဲ တစ်လလျှင် 0.75 သာကျသင့်မှာဖြစ်ပြီး iHome နဲ့ MMB ( မြန်မာ့အသေးစား ငွေရေး ကြေးဘဏ် ) နဲ့ ပူးပေါင်းဆောင်ရွက် ထားတယ်လို့ လဲ သိရပါတယ် ။ လက်ရှိမှာ ရန်ကုန်မှာ နေထိုင်တဲ့ မည်သည့် ၀န်ထမ်းကို မဆို အရစ်ကျ ရောင်းချပေးလျက်ရှိပြီး ရရှိသော လစာရဲ့ ၃ ဆ အထိ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ၀ယ်ယူနိုင်မှာပဲ ဖြစ်ပါတယ် ။ ကနဦး ပေးသွင်းငွေအဖြစ် ကုန်ပစ္စည်း တန်ဖိုးရဲ့ ၂၀% ရယ် + အာမခံ ကြိုတင်ငွေ ၁၀ % ရယ် ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
အိမ်သုံး ၊ လူသုံးကုန် ၊ ဖက်ရှင် အ၀တ်အထည်တွေနဲ့ အလှကုန်ပစ္စည်းတွေကို တစ်နေရာထဲမှာ စုံလင်စွာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ် ။ အခါအားလျော်စွာ ကျင်းပပြုလုပ်သော ရှိုးပွဲလက်မှတ်များ ၊ ပါတီပွဲ လက်မှတ်များကိုလဲ Shop.com.mm မှာ ရောင်းချပေးတာကလဲ ထူးခြားချက် တစ်ခုပါ ။ နောက်ပိုင်းမှာ လေယာဉ် လက်မှတ်တွေကိုပါ shop မှာ ရောင်းချလာတာကို မြင်တွေ့ရပါတယ် ။
Shop ရဲ့ နောက်ထပ်လူသိများတဲ့ ၀န်ဆောင်မှုတစ်ခုက Black Friday ပဲ ဖြစ်ပါတယ် ။ အထူးလျှော့ဈေး တွေ နဲ့ ရောင်းချပေးတဲ့ နေ့ တစ်ရက်ဖြစ်ပြီး ဖုန်း ၊ လပ်တော့ ၊ လူသုံးကုန် နဲ့ အိမ်သုံးကုန် ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာ နဲ့ဝယ်ယူနိုင်မှာပါ ။ Black Friday ကိုတော့ နိုဝင်ဘာလ နောက်ဆုံးပါတ်တွေမှာ ကျင်းပလေ့ ရှိပါတယ် ။
Ecommerce platform website တစ်ခုရဲ့ ပုံစံအတိုင်းပဲ ကုန်ပစ္စည်းအမျိုးအစားတွေ စုံလင်ပါတယ် ။ အမှတ်တရ လက်ဆောင်ပန်းစည်းတွေ ၊ လက်ဆောင်ပေးဖို့အတွက် ထူးထူးခြားခြား စီစဉ်ပေး တာလေးတွေလဲ မြင်တွေ့ရပါတယ် ။ Shopmyar ရဲ့ အဓိက ထူးခြားချက်ကတော့ တရုတ်နိုင်ငံ က နာမည်ကြီး Online Shopping website တွေက ကုန်ပစ္စည်းတွေကို မှာယူပေးတဲ့ ၀န်ဆောင်မှုပဲ ဖြစ်ပါတယ် ။
နေ့စဉ် အိမ်သုံးပစ္စည်းများနဲ့ စားသောက်ကုန် ၊ ဖျော်ရည် ၊ မုန့်ပဲသရေစားများ ကို စီးတီးမတ်မှာ ကိုယ်တိုင် ၀ယ်ယူ နေသလို စုံလင်စွာ ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ် ။ အလှကုန် ၊ မီးဖိုချောင်သုံးပစ္စည်း လေး တွေကိုလဲ ရွေးချယ်နိုင်ပါသေးတယ် ။
အခြား Ecommerce Website တွေနဲ့ မတူပဲ ထူးခြားတာကတော့ နေ့စဉ် အိမ်သုံးပစ္စည်းတွေ နဲ့ စားသောက်ကုန်တွေကို အဓိကထားပြီး ရောင်းချပေးနေတာပဲ ဖြစ်ပါတယ် ။ ကြက်ဥ ၊ နွားနို့ ၊ ယမကာ ၊ ဆေးလိပ် ၊ အသီးအနှံ ၊ အလှကုန် ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း စတာတွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ် ။
၂၀၁၆ - ၂၁၀၇ လောက်မှာ အွန်လိုင်းဈေးရောင်း ဈေးဝယ် ၀န်ဆောင်မှု website www.365myanmar.com ကို မိတ်ဆက်ခဲ့ပါတယ် ။ စုံလင်တဲ့ ကုန်ပစ္စည်းတွေကို ရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်ပြီး ရန်ကုန်မြို့တွင်းမှ မှာယူရင်တော့ ၃ ရက်အတွင်း ပို့ဆောင်ပေးလျက် ရှိပြီး ၊ နယ်မှ ၀ယ်ယူသူ တွေကိုတော့ ၁၀ ရက်အတွင်းမှာ ပို့ဆောင် ရောင်းချပေးလျက်လဲ ရှိပါတယ် ။
ဖက်ရှင် အ၀တ်အထည်နဲ့ ပါတ်သက်ရင်တော့ rgo47 ကို မသိသူ နည်းပါတယ် ။ စုံလင်လှတဲ့ ကျားဝတ် ၊ မ၀တ် နဲ့ ကလေးအ၀တ်အထည်တွေကို အမျိုးအစား ဒီဇိုင်း စုံစုံလင်လင် နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ် ။ ဖက်ရှင်အ၀တ်အထည် သီးသန့်ကိုပဲ အဓိကထားပြီး ရောင်းချတာက rgo47 ရဲ့ ထူးခြားချက်လို့ ပြောနိုင်ပါတယ် ။
Ecommerce Website Platform အနေနဲ့ ကုန်ပစ္စည်းတွေကို ၀ဘ်ဆိုဒ်ပေါ်ကနေ အလွယ်တကူ မှာယူနိုင်အောင် ၀န်ဆောင်မှု ပေးထားပြီး စုံလင်တဲ့ကုန်ပစ္စည်းတွေ ရွေးချယ်နိုင်မှာပါ ။
လုပ်ငန်းသုံး ၊ စက်ရုံသုံး ကုန်ပစ္စည်းများ နဲ့ စိုက်ပျိုးရေး လယ်ယာသုံးပစ္စည်းတွေကို အဓိက ရောင်းချ မိတ်ဆက် ပေးပါတယ် ။ ထူးခြားချက်တစ်ခုကတော့ B2B eCommerce platform တစ်ခုအဖြစ် ၀န်ဆောင် မှု ပေးပြီး အခါအားလျော်စွာ အစိုးရတင်ဒါ သတင်းအချက်အလက်များနဲ့ ၊ စီးပွားရေး ဆိုင်ရာ သတင်း အချက်အလက် များကို လေ့လာနိုင်ဖို့ ရေးသားတင်ဆက်ပေး ပါတယ် ။
#Myat_Thura ( Official )
09795952611









Comments
Post a Comment