► မြန်မာနိုင်ငံရဲ့ Online Shopping Business တွေ ဘာကြောင့် မအောင်မြင်တာလဲ ? နိုင်ငံတကာ ရဲ့ Online Shopping Business တွေ ဘာကြောင့် အောင်မြင်တာလဲ ?
အဓိက အချက် ၂ ခု ရှိနေတယ်လို မြင်ပါတယ် ။ ( ၁ ) က ကုန်ပစ္စည်း ဖြစ်ပြီး ( ၂ ) က အွန်လိုင်းငွေပေးချေမှု ကို အသုံးပြုမှု အားနည်းနေတာ ဖြစ်ပါတယ် ။
✔ Facebook မှာ Page ထောင်ပြီး Boost လုပ် Promote လုပ်ပြီး ရောင်းတာကို Online shop လုပ်တယ်လို့ ခံယူထားသရွှေ့ ဒီ အခြေအနေက ပြောင်းလဲ မှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့က ကုန်ပစ္စည်း အရင်းအမြစ် နဲ့ ဈေးနှုန်းကိုပါ စဉ်းစားရမှာပါ ။ Facebook နဲ့ Website တွေမှာ တင်ရောင်းတာက ဒုတိယ အဆင့်ပါ ။ ကျွန်တော် နားလည်ထားသလောက်လေး ဆွေးနွေးပါမယ် ။
► မြန်မာနိုင်ငံက ဘာ ကုန်ပစ္စည်းတွေများ ထွက်ပါသလဲ ? ဒေသထွက်ကုန်လို ၊ စားသောက်ကုန်လို ပစ္စည်းမျိုးတွေပဲ အများအား ဖြင့် ထွက်တဲ့အတွက် ဒီထွက်ကုန်တွေကလဲ ဈေးကွက်မှာ အလွယ်တကူ လက်လှမ်းပြီး ၀ယ်ယူလို့ ရနေပါတယ် ။
☺ ကွန်ပျူတာ ဆားကစ်လား ? မိုဘိုင်းဖုန်းလား ? ကားလား ? ကွန်ပျူတာလား ? နောက်ဆုံးပေါ် စက်ပစ္စည်းတွေလား ? ဖက်ရှင် ဒီဇိုင်းဆန်း အ၀တ်အထည်တွေလား ? ဆန်းပြားတယ်ဆိုတဲ့ အလှပြင် ပစ္စည်းတွေလား ? ဆောက်လုပ်ရေးသုံးပစ္စည်းတွေလား ?
☺ ဒါတွေအားလုံးနီးပါး အများစု ကို နိုင်ငံတကာက မှာယူသုံးစွဲနေကြရပါတယ် ။ ဒီတော့ ဈေးနှုန်းက သာမန်ထက် အဆမတန် များပြားပါတယ် ။ လက်ရှိ မြန်မာနိုင်ငံ မှာ Online Shop လုပ်နေသူ အများစုက နိုင်ငံခြားက ဈေးကြီးပေးဝယ်တယ် ။ မြန်မာနိုင်ငံ မှာ အမြတ်တင် ပြန်ရောင်းတယ် ။ ၀ယ်သူက ၂ ခါနာ ပါတယ် ။ ဒီတော့ အခြေအနေက ဘာမှ မထူးဘူး ။
☺ အခြားနိုင်ငံက ကိုယ်တိုင်ထုတ်တယ် ။ Ecommerce Business Website တွေမှာ တိုက်ရိုက်ရောင်းတယ် ။ စက်ရုံဈေးပဲ ။ များများဝယ်ရင် ပိုသက်သာမယ် ။ Online Shopping ခြင်း အတူတူ အခြား ကုန်ကျစရိတ်တွေ က မြန်မာနိုင်ငံလို မများဘူး ။ ၀ယ်သူလဲ အဆင်ပြေတယ် ။ ရောင်းသူလဲ အဆင်ပြေတယ် ။ ဒီတော့ Onlnie က ဈေးဝယ်ရတာကို အများစုက နှစ်သက်တယ် ။
☺ Online က ၀ယ်ရင် သက်သာတယ်ဆိုတာကို နားလည်တော့ Online ကပဲ ၀ယ်ဖို့ စိတ်အားထက်သန်ကြတယ် ။ ဒါကြောင့်လဲ Online Business တွေက အောင်မြင်ကြတယ် ။
☺ မြန်မာနိုင်ငံမှာက သူများဆီက တဆင့်မှာပြီး ရောင်းကြရတော့ ဈေးကများတယ် ။ ဒီတော့ Online က ၀ယ်လဲ ဒီဈေး ၊ အပြင်မှာ သွားဝယ်လဲ ဒီဈေး ၊ ဘာမှ မထူးပါဘူးကွာ ဆိုပြီး Online က ဈေးဝယ်တဲ့ အခါ ကိုယ်မမြင်ဖူးတဲ့ ၊ ဆန်းပြားတဲ့ ၊ ကုန်ပစ္စည်းတွေလောက်ပဲ ၀ယ်ကြတယ် ။
☺ ပြီးတော့ ဈေးသက်သာရင် Online က ၀ယ်တယ် ။ Discount ရှိရင် Online က ၀ယ်တယ် ။ ပုံမှန်ဆိုရင် အပြင်မှာ ကိုယ်တိုင် ကိုင်ကြည့်ပြီး ၀ယ်ချင်တာများတယ် ။ ဒါ့အပြင် ပို့ခ ( Delivery Fees ) က ထပ်ရှိသေးတယ် ဆိုတော့ ၀ယ်သူတွေ အတွက်က Online မှာ ၀ယ်တာနဲ့ အပြင်မှာ ၀ယ်တာနဲ့က ဘာမှ မထူးသလို ဖြစ်နေတယ် ။
☺ ပုံမှန်ဈေးကွက်ထဲက ပစ္စည်းတွေဆို “ အပြင်မှာလဲ ၀ယ်လို့ရတာပဲ “ ဆိုတဲ့ အတွေးနဲ့ အများအားဖြင့် မ၀ယ်ဖြစ်ကြပါဘူး ။
✔ အဲ့ဒါကြောင့် ကိုယ့်နိုင်ငံမှာသာ ကိုယ်တိုင်ပစ္စည်းတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အွန်လိုင်း အရောင်းအ၀ယ် ဈေးကွက် တစ်ခုကို ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ။
✔ အွန်လိုင်းငွေပေးချေမှု
================
နောက်တစ်ခု အရေးကြီးတာကတော့ အွန်လိုင်းငွေပေးချေမှု အခတ်အခဲပဲ ဖြစ်ပါတယ် ။ လက်ရှိ မြန်မာနိုင်ငံမှာ Online Payment ၀န်ဆောင်မှု လုပ်ငန်းတွေ များစွာပေါ်ထွက်နေပေမယ့် အသုံးပြုသူ User တွေနည်းပါးလွန်းတဲ့ ပြသနာ ရှိနေပါတယ် ။ ဖုန်းထဲမှာ အွန်လိုင်းငွေပေးချေမှု ၀န်ဆောင်မှု တွေရဲ့ ဖုန်း app တွေ ထည့်ထားကြပေမယ့် တကယ်တန်း အသုံးပြုသူ ရာခိုင်နှုန်း နည်းပါတယ် ။ MPU နဲ့ CB Mobile Banking စတဲ့ Payment System တွေကတော့ လက်ရှိလူသုံးများ နေတာ တွေ့ရပါတယ် ။
ငွေပေးချေမှုပိုင်းကိုလဲ လွယ်ကူ ၊ မြန်ဆန် ၊ စိတ်ချ ရတဲ့ ၀န်ဆောင်မှုမျိုး လုပ်ပေးနိုင်မယ်ဆိုရင် အွန်လိုင်းငွေပေးချေမှု ကို လူသုံးများလာနိုင်မှာပါ ။ ဒါ့အပြင့် အစိုးရ ဘက်ကလဲ တွန်းအားတစ်ခု အနေနဲ့ ပြည်သူတွေကို တိုက်တွန်း ပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ် ။
အမှားပါရင် ခွင့်လွှတ်ပါ ။ ထောက်ပြနိုင်ပါတယ် ခင်ဗျာ ။ ကျွန်တော့်အမြင်ကို ဆွေးနွေးခြင်းဖြစ်ပါတယ် ။
► www.linkedin.com/in/myatthura
☎ 09 795952611
kothura1987@gmail.com
:)
Comments
Post a Comment