" START YOUR E-COMMERCE BUSINESS "
E-commerce Business Platform Website တွေ နဲ့ ချိတ်ဆက်ပြီး ဘာကြောင့် Online Shopping လုပ်သင့်ပါသလဲ ?
မိမိ ကိုယ်တိုင် ကိုယ်တင်သွင်းလာတဲ့ ပစ္စည်းတွေကို ကိုယ်ပိုင် Website ရေးသားပြီး အွန်လိုင်းပေါ်မှာ ရောင်းချလို့ ရတာပဲ ။ ဒီလို E-commerce Business Platform Website တွေနဲ့ ချိတ်ဆက်စရာ မလိုပါဘူး လို့  မမြင်လိုက်ပါနဲ့ ။ ဈေးကွက် သဘောတရား အရ မှားယွင်းတဲ့ အတွေးသာ ဖြစ်ပါလိမ့်မယ် ။ ဆိုင်တစ်ဆိုင် ဖွင့်ပြီး ရောင်းတာနဲ့  နောက်ထပ် ဆိုင်ခွဲတွေ ဖွင့်ပြီး ရောင်းတာ ကပိုပြီး ရောင်းအား တတ်ပါလိမ့်မယ် ။
ဘာကြောင့်ပါလဲ ?
လူကြီးမင်း ရောင်းတဲ့ ကုန်ပစ္စည်းက ဖိနပ် ဆိုပါစို့ ။ www.ဖိနပ်.com လို့  website Domain name ပေးပြီး ရောင်းချနိုင်ပါတယ် ။ ဒါပေမယ့် ဖိနပ် လိုချင်တဲ့ သူတွေပဲ ဒီ website ထဲကို ၀င်ကြည့်ပြီး ၀ယ်ပါလိမ့်မယ် ။ အဲ့ဒီသူတွေက ဖိနပ်အပြင် အခြားသော ထီး ၊ အ၀တ်အထည် ၊ ဖုန်း ၊ အစားအစာ စသည်ဖြင့် အခြားသော လိုအပ်သည်များကိုလဲ ၀ယ်လိုဖို့  လိုအပ်ကောင်း လိုအပ်နေပါလိမ့်အုံးမယ် ။ ဒါဆိုရင် လူကြီးမင်း ရဲ့ www.ဖိနပ်.com ထဲ ၀င်ပြီးရင် ထီး ၀ယ်ဖို့  အတွက် www.ထီး.com ကို ပြန်ဝင်ရပါလိမ့်မယ် ။ ပြီးရင် အ၀တ်အထည် ၀ယ်ဖို့  www.အ၀တ်အထည်.com ကို တစ်ခါပြန်ဝင်ပါပြီ ။
ဒီလိုဆို ၀ယ်သူတစ်ယောက် အနေနဲ့ စိတ်အနှောက်အယှက် ဖြစ်စရာက website link တွေ အများကြီး မှတ်နေရတာပါပဲ ။
ယုဇန ပလာဇာ လို Super market ကြီးတွေမှာ ဈေးဝယ်ဖူးကြပါလိမ့်မယ် ။ ဖိနပ် လိုချင်လို့  ပလာဇာ သွားပေမယ့် ဖိနပ် လဲ ၀ယ်ပြီးရော ထီး တွေ ၊ အ၀တ်အထည်တွေကိုပါ ဆက်လက် ပြီး တစ်ခါထဲ ကြည့်ရှု ၀ယ်ယူနိင်ပါတယ် ။ E-commerce Business Platform Website ဆိုတာ ဒီ သဘောတရားပါပဲ ။ ၀ယ်သူ လဲ တစ်နေရာထဲ အစုံ ၀ယ်နိုင်တယ် ၊ ရောင်းချသူ တွေအတွက်လဲ ၀ယ်လိုအား တတ်လာနိုင်ပါတယ် ။

ဝယ်ယူသူတွေ အနေနဲ့ ပစ္စည်းဝယ်ဖို့  အတွက် Website link တွေ အများကြီး မှတ်ထားမလား ? တစ်ခုထဲ မှတ်သားထားရုံ နဲ့  အကုန်ဝယ်ယူနိုင်မယ့် Website link ကို မှတ်ထားမလား ?
သင်ဆိုရင်ကော ?
E-commerce Business Platform Website လုပ်ငန်းတွေဟာ အများအားဖြင့် ကိုယ်တိုင် ပစ္စည်းထုတ်လုပ်သူ ၊ ကိုယ်တိုင် တင်သွင်းရောင်းချသူတွေ မဟုတ်ပါဘူး ။ ဈေးရောင်း ဈေးဝယ် E-commerce Website ကြီးကို တည်ထောင် ပံ့ပိုးပေးသူတွေသာ ဖြစ်ပါတယ် ။ Website တစ်ခုထဲ ပံ့ပိုးပေးထားတာလားဆိုတော့ မဟုတ်ပါဘူး အောက်ပါ ၀န်ဆောင်မှု တွေကိုပါ ပူးတွဲ ၀န်ဆောင်မှု ပေးကြပါတယ် ။
ဝန်ဆောင်မှု တွေကတော့ == >
( ၁ ) မိမိကုန်ပစ္စည်းတွေကို အဆိုပါ website ထဲမှာ သီးသန့် ဆိုင်ခန်း ( လုပ်ငန်းခွဲ ) တစ်ခုအနေနဲ့  ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးခြင်း ။
( ၂ ) ကုန်ပစ္စည်းတွေကို Digital Marketing ( ကြော်ငြာ ) ပြုလုပ်ပေးခြင်း ။
( ၃ ) ရောင်းချပေးခြင်း ။
( ၄ ) ၀ယ်ယူသူထံ အိမ်အရောက်ပို့ ဆောင်ပေးခြင်း ။
( ၅ ) ကုန်ပစ္စည်းရောင်းရသော ငွေကြေးဆိုင်ရာ ကိစ္စများကို တာဝန်ယူ ပေးခြင်း ။
စတဲ့ ၀န်ဆောင်မှု တွေကို ပြုလုပ်ပေးတတ်ကြပါတယ် ။ E-commerce Business Platform Website လုပ်ငန်းတွေ နဲ့သာ ချိတ်ဆက်လိုက် သူတို့ က သင့်ကုန်ပစ္စည်းကို ၀ယ်သူဆီ အရောက်ပို့ ဆောင်ပြီး ငွေပါရှင်းပေးတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ပစ္စည်း ရောင်းချရတိုင်းမှာတော့ ( ရာခိုင်နှုန်း ) နဲ့  ပြန်လည်ကောက်ခံ ပါတယ် ။ ထပ်ပြီးတော့ မိမိ ကုန်ပစ္စည်းနဲ့  လုပ်ငန်းကို ကြော်ငြာ သီးသန့် ပြုလုပ်လိုရင်လဲ သီးသန့်  ၀န်ဆောင်မှု တွေ ပေးတတ်ကြပါတယ် ။
အားသာချက်က ဘာတွေလဲ ?
# ဆိုင်ခွဲ တစ်ဆိုင်ဖွင့်လိုက်သကဲ့သို့  ဖြစ်လာမယ် ။
# ရေဖိုး တွေ မီးဖိုး တွေ အခြား အထွေထွေ စရိတ်တွေ မရှိတော့ဘူး ။
# ၂၄ နာရီလုံး ရောင်းချထားနိုင်မယ် ။
# ၀န်ထမ်းစရိတ်ဆိုတာလဲ မရှိတော့ပါဘူး ။
# မိမိကုန်ပစ္စည်းကို နိုင်ငံတကာက အလွယ်တကူ ကြည့်ရှု နိုင်မယ် ။
# ပြိုင်ဘက်တွေထက် တကွက်လဲ တစ်ကွက်သာပြီပေါ့ ။
စိတ်ချယုံကြည် ရတဲ့ E-commerce Business Platform Website ကို ဘယ်လိုရွေးချယ်မလဲ ?
ဒါဟာ အဓိက အချက်ပါ ။ မိမိရဲ့ ကုန်ပစ္စည်းတွေ ပေးထားရမယ့် Ecommerce Company ဟာ စိတ်ချရဖို့  အဓိက လိုအပ်ပါတယ် ။
( ၁ ) တရားဝင် လိုင်စင် နဲ့ လုပ်ကိုင်နေတဲ့ Company ဖြစ်ရပါမယ် ။ ဖြစ်နိုင်ရင် အဆိုပါ Company ရုံးခန်းတည်ရှိရာနေရာကို သွားရောက်စကားပြောဆို သင့်ပါတယ် ။
( ၂ ) မြန်မာနိုင်ငံ မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းကြီးလို အသင်း အဖွဲ့ တွေမှာ Member အဖြစ် ၀င်ရောက်ထားတဲ့ လုပ်ငန်းမျိုးလဲ ဖြစ်သင့်ပါတယ် ။
( ၃ ) တစ်ချို့ E-commerce Business Platform Website တွေဟာ သူတို့  website ပေါ်မှာ ကုန်ပစ္စည်းများဖို့ ပဲ အာရုံထားတတ်ပြီး သူတို့  website နာမည်ကြီးအောင်ပဲ ကြော်ငြာနေတတ်ကြပါတယ် ။ သူတို့ ဟာ ဆိုင်ရှင်တွေကို လှေကားအဖြစ် အသုံးချပြီး သူတို့  နာမည်ကြီးအောင် လုပ်တတ်ကြပါတယ် ။ အဲ့လို လုပ်ငန်းမျိုးကိုလဲ ရှောင်နိုင်ရပါတယ် ။
( ၄ ) အဓိက အချက်ပါ ။ ပစ္စည်းပို့ ဆောင်တဲ့ နေရာမှာ အချို့ E-commerce Business Platform Website လုပ်ငန်းတွေဟာ အခြား ပို့ ဆောင်ရေး လုပ်ငန်းတွေကို တဆင့်ပြန်အပ်ကြပါတယ် ။ အဲ့ဒီ ပို့ ဆောင်ရေး လုပ်ငန်းတွေဟာလဲ ပစ္စည်းပို့ တဲ့ တာဝန်ပဲယူထားတာဆိုတတော့ ၀ယ်သူဆီ ရောက်တာနဲ့ ပစ္စည်းပေးမယ် ၊ လက်မှတ်ထိုးခိုင်းမယ် ၊ ဒါ သူတို့ တာဝန်ပါပဲ ။ တကယ်တော့ မြန်မာနိုင်ငံ အနေနဲ့  အွန်လိုင်ရှော့ပင်းဆိုတာ အခုမှ စရင်းနှီးတာ ဖြစ်လို့  ၀ယ်သူက လာပို့ တဲ့ သူကို ပစ္စည်းကောင်းမကောင်း စမ်းပြစေချင်တယ် ၊ ပစ္စည်းအကြောင်း ရှင်းပြစေချင်တယ် ၊ ပစ္စည်းမကောင်းရင် ပြန်ယူသွားပြီး ပြန်လဲပေးရတတ်ပါတယ် ။ ဒါပေမယ့် ပို့ ဆောင်တဲ့ အဖွဲ့ က ဒီပစ္စည်းအကြောင်း ဘာမှ မသိတော့ ၀ယ်သူက မေးမြန်းတာတွေ ၊ ပစ္စည်း စမ်းသပ်ခိုင်းတာတွေမှာ ပြသနာ တွေ တတ်တတ်ပါတယ် ။ နိုင်ငံတကာမှာကတော့ ဒီလို အခြား ပို့ဆောင်ရေး လုပ်ငန်းတွေ နဲ့ လုပ်တာ အသားကျနေပြီ ဆိုပေမယ့် မြန်မာနိုင်ငံ အနေနဲ့ ကတော့ အဆင်မပြေနိုင်သေးပါ ။ ဒီတော့ ကိုယ်ပိုင် Delivery အဖွဲ့နဲ့  ပို့ဆောင်ပေးနိုင်တဲ့ E-commerce လုပ်ငန်းမျိုးကိုသာ ရွေးချယ်သင့်ပါတယ် ။

E-commerce Business လုပ်ငန်း၏ ( ၃ ) နှစ်တာကာလ အတွေ့ အကြုံ များကို ပြန်လည်ရေးသား မျှဝေ ပေးထားတာဖြစ်ပါတယ် ။ အမှားပါရင် နားလည်ခွင့်လွှတ်ပေးကြပါ ။
၂၀၁၅
" START YOUR E-COMMERCE BUSINESS "
မြတ်သူရ ( Myat Thura - Official )
www.linkedin.com/in/ myatthura
09 795952611
kothura1987@gmail.com
" START YOUR E-COMMERCE BUSINESS "
မြတ်သူရ ( Myat Thura - Official )
www.linkedin.com/in/
09 795952611
kothura1987@gmail.com

Comments
Post a Comment